The List of New & Old Banks under the Regime - Irrawaddy

From Tracking Burmese Junta

Jump to: navigation, search

The List of New & Old Banks under the Regime - Irrawaddy

ဦးတေဇတို့ ဘဏ်လုပ်ငန်းရှင် ဖြစ်ဖွယ်ရှိ

နရီလင်းလက် Wednesday, May 19, 2010 ဧရာဝတီ

အာဏာပိုင်တို့က ဦးတေဇ အပါအ၀င် စီးပွားရေး လုပ်ငန်းရှင် ၆ ဦးကို ပုဂ္ဂလိက ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့် ပြုရန် ခေါ်ယူ ဆွေးနွေး နေကြောင်း သိရသည်။ ထိုပုဂ္ဂိုလ်များမှာ စီးပွားရေး လုပ်ငန်းကြီး မြောက်မြားစွာကို လုပ်ပိုင်ခွင့် ရနေကြသည့်

ဦးတေဇ (ထူးကုမ္ပဏီ)၊ 
ဦးဇော်ဇော် (မက်စ်မြန်မာ)၊ 
ဦးနေအောင် (IGE)၊ 
ဦးချစ်ခိုင် (ဧဒင် အုပ်စု ကုမ္ပဏီ)၊
ဒေါက်တာ စိုင်းဆမ်ထွန်း (အယ်လ်ပိုင်း သောက်ရေသန့်)၊
ဦးထွန်းမြင့်နိုင် (အေးရှားဝေါလ်) 

တို့ ဖြစ်ကြောင်း စီးပွားရေး လုပ်ငန်းရှင် အသိုင်းအ၀ိုင်းက ပြောသည်။

“ဒီလုပ်ငန်းရှင်တွေထဲက ဘယ်သူတွေကို လုပ်ကိုင်ခွင့် ချပေးမလဲ ဆိုတာတော့ မသိရသေးဘူး။ မနေ့ကတော့ နေပြည်တော်မှာ လျှောက်လွှာ သွားတင်ကြတယ်” ဟု ဘဏ်လုပ်ငန်း လုပ်ကိုင်မည့် စီးပွားရေး လုပ်ငန်းရှင် တဦးနှင့် နီးစပ်သူက ဧရာဝတီကို ပြောသည်။

လုပ်ထုံး လုပ်နည်း အရ ဆိုလျှင် ကုမ္ပဏီ မှတ်ပုံတင်ရုံးတွင် လုပ်ကိုင်ခွင့် လျှောက်ထားပြီးမှ မြန်မာနိုင်ငံတော် ဗဟိုဘဏ်တွင် လိုင်စင် ဆက်လျှောက်ရသည်ဟု အမည် မဖော်လိုသူ ဘဏ်လုပ်ငန်းရှင် တဦးက ပြောသည်။

“လုပ်ခွင့် မပေးခင် စီးပွားရေး လုပ်ငန်းရှင်တွေကို အရင် ခေါ်ဆွေးနွေးတယ်၊ လုပ်ခွင့် ရမှာကလည်း သူတို့လူတွေချည်းပဲ ဆိုတော့ ဘယ်လို အပေး အယူတွေ ရှိလဲ မသိရသေးဘူး” ဟု သူက ပြောသည်။ အယ်လ်ပိုင်းကုမ္ပဏီမှ တာဝန်ရှိသူတဦးက မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ခွင့်ပြုချက် ရရှိပါက ဘဏ်လုပ်ငန်းကို အမြန်ဆုံး အကောင်အထည် ဖော်ဆောင်ရွက်သွားရန် အဆင်သင့် ပြင်နေကြောင်း ပြောပြသည်။ ဗဟိုဘဏ်က ၁၉၉၂ခုနှစ်မှ ၂၀၀၂ ခုနှစ် အတွင်း ပုဂ္ဂလိက လုပ်ငန်းရှင်များကို ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်များ ချပေးခဲ့သည်။ ၂၀၀၂ နောက်ပိုင်းတွင် ထပ်မံ ခွင့်ပြုခြင်း မရှိသေးပေ။

လက်ရှိ လည်ပတ်နေသော ဘဏ်များ

စဉ် ဘဏ်အမည် မှတ်ချက်

၁ မြန်မာ့ စက်မှုလက်မှု ဖွံ့ဖြိုးရေးဘဏ်

၂ သမ၀ါယမ ဘဏ်

၃ ရန်ကုန် မြို့တော် စည်ပင်သာယာရေး ဘဏ်

၎ ထွန်းဖောင်ဒေးရှင်း ဘဏ်

၅ မြန်မာ့ မွေးမြူရေး နှင့် ရေလုပ်ငန်း ဖွံ့ဖြိုးရေး ဘဏ်

၆ နယ်စပ် စည်ပင် သာယာရေး ဘဏ်

၇ ရတနာပုံ ဘဏ်

၈ မြ၀တီ ဘဏ်

၉ ပထမ ပုဂ္ဂလိက ဘဏ် -ပုဂ္ဂလိက သီးသန့်

၁၀ ရိုးမဘဏ် -ပုဂ္ဂလိက သီးသန့်

၁၁ အင်းဝဘဏ် -ပုဂ္ဂလိက သီးသန့်

၁၂ ကမ္ဘောဇ ဘဏ် -ပုဂ္ဂလိက သီးသန့်

၁၃ မြန်မာနိုင်ငံ သားများ ဘဏ် -ပုဂ္ဂလိက သီးသန့်

၁၄ မြန်မာအရှေ့တိုင်းဘဏ်