Than Zin Myo - သန့်ဇင်မျိုး

From Tracking Burmese Junta

Jump to: navigation, search

Thant Zin Myo - သန့်ဇင်မျိုး


၂၀၀၇ ခုနှစ်တုန်းက ကုန်ဈေးနှုန်း ကျဆင်းရေးနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှုတွေမှာ ဦးဆောင် ပါဝင်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား ကိုသန့်ဇင်မျိုးဟာ အင်းစိန်ထောင်ကနေ ရခိုင်ပြည်နယ် ဘူးသီးတောင်ထောင်ကို ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့က ပြောင်းရွှေ့ခံလိုက်ရပါတယ်။

ဒီလို ပြောင်းရွှေ့ခံရချိန် အင်းစိန်ထောင်ကနေ ဘူးသီးတောင်ထောင်ကို အပြောင်း လမ်းခရီးမှာ အာဏာပိုင်တွေက ကိုသန့်ဇင်မျိုးကို နိုင်ငံရေး အကျဉ်းသားတဦးအနေနဲ့ နှိပ်စက်ညှင်းပန်းတာတွေ လုပ်ခဲ့တယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ထောင်ဝင်စာ တွေ့ခဲ့တဲ့ အစ်ကိုဖြစ်သူ ကိုသန့်ဇင်ဦးက ပြောပါတယ်။ ကိုသန့်ဇင်မျိုးဟာ သူ့ရဲ့ ဇနီးဖြစ်သူ အပါအဝင် စုစုပေါင်း ၁၁ ဦးနဲ့အတူ ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြခဲ့တဲ့အတွက် ရန်ကုန် လှည်းတန်းမြို့နယ်မှာ ၂၀၀၇ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့မှာ အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

http://www.rfa.org/burmese/news/prisoner_tortured_during_transfer-08162010161722.html