Than Myint Aung - သန်းမြင့်အောင်

From Tracking Burmese Junta

Jump to: navigation, search


Sources - မြန်မာနိုင်ငံရှေ့နေများကောင်စီ P.O.Box 144, Mae Sod Post Office, Tak Province 63110, Thailand. Tel/Fax: (66) (055) 542910,

Email: blcsan@ksc.th.com, Website: www.blc-burma.org



ညှဉ်းပန်းနှိပ်စက်၍ ဖြောင့်ချက်ရယူထားခြင်းကို အခြေခံလျက် ကိုသန်းမြင့်အောင်အား ပြစ်ဒဏ်စီရင်လိုက်ခြင်းအပေါ် ဥပဒေရေးရာသုံးသပ်ထုတ်ပြန်ချက်


၁။ အမှုဖြစ်စဉ်အကျဉ်း


           ကိုသန်းမြင့်အောင်နှင့်မိခင်ဖြစ်သူကို (၄.၃.၂၀၀၉) ရက်နေ့တွင် တာမွေဗလီထိပ်တွင် ရန်ကုန်တိုင်းရဲ တပ်ဖွဲ့၊ ထောက်လှန်းရေးနှင့် နိုင်ငံရေးဌာနစိတ်မှဖမ်းဆီး၍ ရန်ကုန်တိုင်းရဲမှူးရုံးသို့ခေါ်ဆောင်စစ်ဆေးမေးမြန်းခဲ့ သည်။ စစ်ဆေးမေးမြန်းသည့်အဓိကအကြောင်းအရင်းမှာ စမ်းချောင်းမြို့နယ်တွင် ဗုံးပေါက်ကွဲမှုနှင့်စပ်လျဉ်းပြီး၊ ကိုသန်းမြင့်အောင်ကို သံသယဖြင့် ဖမ်းဆီးစစ်ဆေးခဲ့ခြင်းဖြစ်သည်။ရှာဖွေပုံစံပေါ်တွင် လက်မှတ်ရေးထိုးပေးခြင်း မရှိပါက မိခင်ဖြစ်သူအားပြန်လွှတ်ပေးမည်မဟုတ်ဟု ခြိမ်းခြောက်ပြောဆို၍ လက်မှတ်ရေးထိုးစေခဲ့သည့်အပြင် စစ်ဆေးမေးမြန်းမှုများပြုလုပ်ရာတွင်လည်း အိပ်စက်အနားယူခွင့်မပေးခြင်း၊ အစာရေစာမကျွေးမွေးခြင်း၊ ခြေသ လုံးညို့သဂျီးကို ဒလိမ့်တုံးဖြင့် လှိမ့်၍စစ်ဆေးခြင်း၊ အင်္ဂါစပ်ကို ရေနွေးပူဖြင့်လောင်းခြင်း၊ ဖယောင်းစက်ချခြင်း၊ လက်ဆစ်ခြေဆစ်များကို ရာဘာတုတ်ဖြင့်ရိုက်နှက်ခြင်း၊ ဦးခေါင်းကို ရာဘာတုတ်ဖြင့်ရိုက်နှက်ခြင်း စသည့်လူမ ဆန်သည့်ညှဉ်းပန်းနှိပ်စက်မှုများဖြင့် ဖြောင့်ချက်ရယူခဲ့သည်။
           ယင်းသို့ညှဉ်းပန်းနှိပ်စက်၍ရယူထားသည့်ဖြောင့်ချက်များကို အဓိကသက်သေခံအဖြစ်အသုံးပြုလျက် သန်းမြင့်အောင် ကို လူဝင်မှုကြီးကြပ်ရေးဥပဒေပုဒ်မ - ၁၃ (၁) အရ ထောင် ဒဏ် (၃) နှစ်၊ မတရားအသင်း ဥပ ဒေအရ ထောင်ဒဏ် (၂) နှစ်၊အီလက်ရောနစ်ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ - ၃၃(က) အရထောင်ဒဏ် (၁၀)နှစ် စုစုပေါင်း (၁၅) နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။[1]
           ထို့ကြောင့် ညှဉ်းပန်းနှိပ်စက်၍ဖြောင့်ချက်ရယူခြင်းဖြစ်ကြောင်း ထင်ရှားစွာပေါ်ပေါက်နေပါလျက် ပြစ် ဒဏ်စီရင်လိုက်သည့် သင်္ဃန်းကျွန်းမြို့နယ်တရားရုံးသည် တရားဥပဒေစိုးမိုးရေးကို ငြင်းပယ်လိုက်ခြင်းဖြစ်ကြောင်း အောက်ပါအတိုင်း သုံးသပ်ချက်ထုတ်ပြန်အပ်ပါသည်။


၂။ ဥပဒေရေးရာသုံးသပ်ချက်


         မြန်မာနိုင်ငံရှေ့နေများကောင်စီသည် ညှဉ်းပန်းနှိပ်စက်မှုများကျူးလွန်၍ ဖြောင့်ချက်ရယူခြင်းသည် မြန် မာနိုင်ငံပြစ်မှုဥပဒေကို ကျူးလွန်ခြင်းဖြစ်သည့်အပြင် လူမဆန်သည့်ညှဉ်းပန်းနှိပ်စက်မှုများ၊ ဆိုးဝါးပြင်းထန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများဖြစ်သည့်အတွက် ကြီးလေးသောပြစ်မှုများအဖြစ် မှတ်တမ်းထားရှိပါကြောင်း ဥပ ဒေရေးရာသုံးသပ်ချက်ကို (၁.၂.၂၀၁၀) ရက်နေ့တွင်ထုတ်ပြန်ကြေငြာခဲ့ပြီးဖြစ်သည်။
           ကိုသန်းမြင့်အောင်ညှဉ်းပန်းနှိပ်စက်ခံရသည်ကိုလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ကျူးလွန်သည့် ကြီးလေးသော ပြစ်မှုများအနက်မှ တစ်ခုအဖြစ် မှတ်တမ်းထားရှိပြီးဖြစ်သည်။
           ပြစ်မှုကျူးလွန်ကြောင်းစွပ်စွဲခံရသူ၏ ဖြောင့်ချက်ပါဝင်သောအမှုအခင်းများကို စစ်ဆေးစီရင်သည့် တရား ရုံးသည် တည်ဆဲဥပဒေများအပေါ် ဆန့်ကျင်၍ တရားစီရင်မှုပြုနေခြင်းနှင့် စပ်လျဉ်း၍ --


သက်သေခံဥပဒေကို ချိုးဖေါက်ခြင်း၊

           သက်သေခံဥပဒေပုဒ်မ - ၂၄တွင် ဖြောင့်ချက်ကို သွေးဆောင်ခြင်း၊ ခြိမ်းခြောက်ခြင်း သို့မဟုတ် ကတိ ပြုခြင်း ကြောင့်ဖြောင့်ဆိုသည်ဟု ထင်မြင်နိုင်ပါကလည်းကောင်း၊ ထိုသို့သွေးဆောင်ခြင်း၊ခြိမ်းခြောက် ခြင်း၊ ကတိ ပြုခြင်းတို့မှာ အခွင့်အာဏာရှိသူတစ်ဦးက ပြုလုပ်ခြင်းဖြစ်ပါကလည်းကောင်း၊ ထိုသို့ပြုလုပ်သဖြင့် အမှု နှင့်ပတ် သက်၍ အကျိုးတစုံတရာခံစားရမည် သို့မဟုတ် လောကီအန္တရာယ်တစ်ခုခုမှ လွတ်ကင်းလိမ့်မည်ဟု စွပ်စွဲ ခံရသူ ကယူဆနိုင်ခြင်း (သို့မဟုတ်) ယူဆနိုင်ရန် အကြောင်းရှိလျှင်သော်လည်းကောင်း၊
           သက်သေခံဥပဒေပုဒ်မ - ၂၅ တွင် မည်သည့်ရဲအရာရှိထံတွင်ပြုလုပ်သောမည်သည့်ဖြောင့်ချက်ကိုမဆို မည်သည့်ပြစ်မှုနှင့်စွပ်စွဲခြင်းခံရသော မည်သည့်စွပ်စွဲခံရသူ ကိုသော်လည်းကောင်း၊
           သက်သေခံဥပဒေပုဒ်မ - ၂၆ တွင် ရာဇ၀တ်တရားသူကြီးတစ်ဦးဦးထံတွင် ပြုလုပ်သောဖြောင့်ချက် မဟုတ်ပါက မည်သူမဆို ရဲထံတွင်အချုပ်ခံနေရစဉ်အတွင်းပြုလုပ်သောဖြောင့်ချက်ကိုသော်လည်းကောင်း၊

သက်သေခံမ၀င်သဖြင့်၊ သက်သေခံအဖြစ်အသုံးပြု၍ မရကြောင်းတို့ကို အတိအလင်းပြဌာန်းထားသည်။


ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေအရ ဆောင်ရွက်ရန်ပျက်ကွက်ခြင်း

           အကယ်၍ စွပ်စွဲခံရသူအနေဖြင့် မိမိသဘောဆန္ဒအလျောက်ဖြောင့်ချက်ပေးမည်ဆိုလျှင် ပထမတန်းအာ ဏာရ တရားသူကြီးတဦးဦး၏ ရှေ့မှောက်တွင်အဆိုပါတရားသူကြီးသည်အောက်ဖေါ်ပြပါ ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ပုဒ်မ - ၁၆၄ ပါပြဌာန်းချက်များနှင့်အညီလုပ်ဆောင်ရမည်ဖြစ်သည်။

- ပြည်သူ့အကျိုးနစ်နာစေနိုင်မည် သို့မဟုတ် အချိန်အလွန်ကြန့်ကြာစေနိုင်မည် ဆိုသည့်အခြေ အနေ မျိုး မှတပါး သာမန်အားဖြင့် လူသိရှင်ကြားတရားခွင်တွင် ရုံးချိန်အတွင်း ရေးမှတ်ရယူရမည်။

- စွပ်စွဲခံရသူအနေဖြင့်ဖြောင့်ချက်ပေးရန် တာဝန်မရှိကြောင်း၊ ဖြောင့်ချက်ပေးလျှင် ယင်းဖြောင့်ချက် ကို အမှုစစ်သည့်အခါ သက်သေခံအဖြစ်အသုံးပြုနိုင်ကြောင်းကို စွပ်စွဲခံရသူ အသေအချာနားလည် သည်အထိရှင်းလင်းပြောဆိုရမည်။

- ထို့နောက် စွပ်စွဲခံရသူ ဖြောင့်ချက်ပေးရန် (သို့မဟုတ်) မပေးရန် စဉ်းစားနိုင်ရန်အတွက် လုံလောက် သည့်အချိန်ပေး၍ စဉ်းစားစေရမည်။ စွပ်စွဲခံရသူ လွတ်လပ်စွာစဉ်းစားနိုင်ရန်အတွက် မည်သည့်ရဲ တပ်ဖွဲ့ဝင်မျှ စွပ်စွဲခံရသူ မြင်နိုင်ကြားနိုင်သည့်နေရာတွင် ရှိမနေစေရ။

          -      စဉ်းစားချိန်ပြည့်သည့်နောက်ပိုင်း  စွပ်စွဲခံရသူသည် မိမိသဘောဆန္ဒအလျောက်ဖြောင့်ချက်ပေးလို ခြင်းဟုတ်သည်/မဟုတ်သည်ကို သေသေချာချာစုံစမ်းမေးမြန်းရမည်။ ထို့ပြင် စွပ်စွဲခံရသူကို ညှဉ်း ပန်းနှိပ်စက်ခြင်းရှိ/မရှိ စစ်ဆေးမေးမြန်းရမည်။ ထို့ပြင် စွပ်စွဲခံရသူ၏ခန<ာကိုယ်ပေါ်တွင် ဒဏ်ရာဒဏ် ချက်များရှိ/မရှိကို ကြည့်ရှုစစ်ဆေးမှတ်တမ်းတင်ရမည်။

- တရားသူကြီးသည်ဖြောင့်ချက်ကို အလိုအလျောက်ပေးလိုကြောင်းကျေနပ်လျှင် စွပ်စွဲခံရသူ၏ဖြောင့် ချက်ကို ရေးမှတ်ယူရမည်။

- မေးခွန်းအသီးသီးနှင့် အဖြေအသီးသီးတို့ကို တသီးတခြားစီ ရေးမှတ်ရန်လိုအပ်ပြီး၊ အမေးအဖြေ အားလုံးကို ပြည့်စုံစွာ ရေးသားရမည်။

- စွပ်စွဲခံရသူအား ပြန်လှန်စစ်မေးခြင်းသဘောမျိုးဖြင့် စစ်ဆေးခြင်းမပြုရ။

- ရေးသားထားသည့်ဖြောင့်ချက်ကို စွပ်စွဲခံရသူအား ပြန်လည်ဖတ်ပြရမည်။ စွပ်စွဲခံရသူ သဘောတူ ပြီးနောက်ပိုင်း၊ ဖြောင့်ချက်ယူသည့် တရားသူကြီးနှင့် စွပ်စွဲခံရသူ နှစ်ဦးစလုံးသည် ဖြောင့်ချက်စာ မျက်နှာတိုင်းတွင်လက်မှတ်ရေးထိုးရမည်ဟု အတိအလင်းပြဌာန်းထားပါသည်။



နိုင်ငံတကာဥပဒေများကို မျက်ကွယ်ပြုခြင်း

နိုင်ငံတကာလူ့အခွင့်အရေးကြေငြာစာတမ်း အပိုဒ် - ၅ တွင် မည်သူ့ကိုမှညှဉ်းပန်းနှိပ်စက်ခြင်း၊ သို့တည်း မဟုတ် ရက်စက်ကြမ်းကြုတ်စွာ လူမဆန်စွာ၊ ဂုဏ်ငယ်စေသောဆက်ဆံမှုမပြုရ ဟူ၍လည်းကောင်း၊ အပိုဒ် - ၇ တွင် လူအားလုံးတို့သည် ဥပဒေအရာ၌တူညီကြသည့်အပြင်၊ ဥပဒေ၏ အကာအကွယ်ကို ခွဲခြားခြင်းမခံရစေဘဲ တူညီစွာခံစားပိုင်ခွင့်ရှိသည် ဟူ၍လည်းကောင်း အတိအလင်း ဖေါ်ပြပါရှိသည်။

နိုင်ငံသားနှင့်နိုင်ငံရေးအခွင့်အရေးဆိုင်ရာသဘောတူစာချုပ် အပိုဒ် - ၇ တွင် မည်သူ့ကိုမျှ နှိပ်စက်ခြင်း မပြုရ။ ရက်စက်စွာမပြုကျင့်ရ။ လူမဆန်သော (သို့မဟုတ်) လူ့ဂုဏ်သိက္ခာညှိုးနွမ်းစေသော ဆက်ဆံမှုမျိုးကိုသော် လည်းကောင်း၊ အပြစ်ပေးမှုမျိုးကိုသော်လည်းကောင်း မပြုလုပ်ရ ဟူ၍လည်းကောင်း၊ အပိုဒ် - ၁၄ အပိုဒ်ခွဲ (၃ - ဆ) တွင် မည်သူ့ကိုမျှ ပြစ်မှုကျူးလွန်ခြင်းကို အတင်းအကြပ်ဝန်ခံစေခြင်း (သို့မဟုတ်) မိမိကိုယ်ကို ဆန့်ကျင် ထွက်ဆိုချက်မျိုး အတင်းအကြပ်ပေးစေခြင်းမျိုးမပြုလုပ်ရ ဟူ၍ လည်းကောင်း အတိအလင်း ပြဌာန်းထားသည်။


နိဂုံးချုပ်သုံးသပ်တင်ပြချက်

ကိုသန်းမြင့်အောင်ကိုယ်တိုင် ရဲစစ်ကြောရေးစခန်းတွင် လူသားမဆန်သည့် ညှဉ်းပန်းနှိပ်စက်မှုများကို ခံစားရ၍ဦးခေါင်းကွဲသည့်ဒဏ်ရာကြောင့်ရန်ကုန်ဆေးရုံကြီးဦးဏှောက်နှင့်အာရုံကြောဌာနတွင်တက် ရောက်ကုသ မှုခံယူရကြောင်း တရားရုံးတော်တွင် အတိအကျ ထွက်ဆိုထားပါလျက် မူလတရားရုံးတော်သည် ထောက်ခံ သက်သေမရှိသည့် ဖြောင့်ချက်တစ်ခုတည်းအပေါ် အခြေပြုထွက်ဆိုထားသည့် တရား လိုထွက်ချက်များအ ပေါ်တွင်အလေးအနက်ပြုစဉ်းစားလျက်ကိုသန်းမြင့်အောင်ကို ကြီးလေးသော ပြစ် ဒဏ်များချမှတ် လိုက်ခြင်းသည် သက်သေခံဥပဒေကို ချိုးဖေါက်၍ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပါ ပြဌာန်းချက်များအတိုင်း ရယူထားခြင်းမဟုတ် သည့် ဖြောက်ချက်အပေါ်အခြေခံ၍ မှားယွင်းစွာအပြစ်ပေးထားခြင်းဖြစ်သည်၊ ထိုကြောင့် တရားစီရင်ရေးမဏ္ဍိုင် တိမ်းစောင်းခြင်း၊ တရားဥပဒေစိုးမိုးရေးကို မလိုလားခြင်း စသည့် အချက်များထင်ထင် ရှားရှားပေါ်ပေါက် လျက်ရှိပါသည်၊ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေစံချိန်စံညွှန်းများ နှင့်လည်းဆန့် ကျင်ကွဲလွဲလျက်ရှိပါကြောင်း တို့ကို ဥပဒေ ရေးရာ သုံးသပ်ချက်ထုတ်ပြန်အပ်ပါသည်။



အသေးစိတ်သိရှိလိုပါလျှင် - မြန်မာနိုင်ငံရှေ့နေများကောင်စီ

ဦးမျိုး ဥပဒေရေးရာသုံးသပ်ရေးဌာန

တာဝန်ခံ၊ ဥပဒေရေးရာသုံးသပ်ရေးဌာန

ဖုန်း - ၀၈၆၂၁၆၀၁၀၈

၁၀.၈.၂၀၁၀