Po La Pyi demanded more grades to his girl friend from Medical School - June 2008
From Tracking Burmese Junta
မကြာသေးမီက ဆေးတက္ကသိုလ် (၁) ပထမနှစ် ဆေးတက္ကသိုလ်အတန်းတွင် ကျောင်းခေါ်ချိန် ပြည့်မီအောင် မတက်သဖြင့် စာမေးပွဲဖြေခွင့် မရသော ကျောင်းသား။သူ စာရင်းကို ထုတ်ပြန်ခဲ့သည်။ ဤစာရင်းထဲတွင် နေရွှေသွေးအောင် (ခေါ်) ဖိုးလပြည့် (သန်းရွှေရဲ့မြေး) ၏ရည်းစားဖြစ်သူ တက်သစ်စသရုပ်ဆောင် “နေခြည်လင်းလဲ့” လည်းပါဝင်နေခဲ့သည်။
ဖိုးလပြည့်၏အလိုအရ စာရင်းကို ဒုတိယအကြိမ်ထပ်မံထုတ်ပြန်ရာ နေခြည်လင်းလဲ့နှင့် သူမ၏ သူငယ်ချင်းများ စာရင်းတွင် မပါလာတော့ဘဲ ထိုစာရင်းတွင် ကျန်နေခဲ့သော ကျောင်းသား။သူများက မကျေမနပ်ဖြစ်ခါ နေပြည် တော်သို့တိုင်တန်းကြပြန်သည်။ နောက်ဆုံးတွင်ကျောင်းသား။သူ အားလုံးကို စာမေးပွဲဖြေခွင့်ပြုလိုက်ရသည်။ ဒီကိစ္စ ဒီတွင် မရပ်ဘဲ အခြားအတန်းများအားလုံးတွင်လည်း ကျောင်းခေါ်ချိန် ပြည့်ြုပည့် မပြည့်ပြည့် ကျောင်းသား။သူများ၊ ကျေနပ်စေရန် စာမေးပွဲဖြေခွင့်ပြုလိုက်ရသည်။
သန်းရွှေ၏မြေး ဖိုးလပြည့် နေ့စဉ်လာရောက်ပိုးပန်းရာ ဆေး(၁)သို့ အ၀င်လမ်းဖြစ်သော သထုံလမ်းကို နိုင်လွန် ကတ္တရာ ချက်ချင်းခင်းပေးထားရကြောင်း သိရှိရပါသည်။ (ကိုထိုက်ဆီမှ ကူးပါသည်)
နယူးဇာဂနာ http://bigbbrown.blogspot.com (or) http://bigbbrown.multiply.com

