Phone Win, Dr
From Tracking Burmese Junta
Phone Win, Dr - ဒေါက်တာဖုန်းဝင်း
Biography from His Facebook
ရန်ကုန်မြို့တွင် ၁၉၆၈ ခုနှစ် ၌ (ဦးခင်မောင်ထွန်း၊ အထွေထွေမန်နေဂျာ၊ မြန်မာ့ပုလဲ / မြန်မာ့ရေလုပ်ငန်း) နှင့် ဒေါ်ခင်သန်းနွယ် (သရုပ်ပြဆရာမ (အငြိမ်းစား)၊ ရူပဗေဒ ဌာန၊ ရန်ကုန် တက္ကသိုလ်) တို့က မွေးဖွားခဲ့ပြီး၊ မော်လမြိုင်၊ ရွှေဘိုမြို့တို့တွင် (၈) နှစ်ခန့် နေထိုင်ခဲ့ကာ ၁၉၇၆ ခုနှစ်မှ ယနေ့အထိ ကမာရွတ်မြို့နယ်၊ သံလွင်လမ်းတွင် နေ ထိုင်လျှက်ရှိသည်။
ပညာရေး
ငယ်စဉ်က မော်လမြိုင်၊ ရွှေဘို၊ အ.မ.က (၆) ကမာရွတ် တို့တွင် ပညာသင်ကြားခဲ့ကာ အ.ထ.က (၂) ကမာရွတ်မှ ဆယ်တန်းအောင်မြင် ခဲ့ပြီး ဆေးတက္ကသိုလ် (၁) ရန်ကုန်တွင် ဆက်လက် ပညာသင်ကြား၍ ၁၉၉၄ ခုနှစ်တွင် M. B., B. S ဘွဲ့ကို ရရှိခဲ့သည်။
နိုင်ငံရေး
၁၉၈၈ ခုနှစ် အရေးအခင်းတွင် ဆေး(၁)ကျောင်းသား ခေါင်းဆောင်အဖြစ် ၁၉၈၈ ဇွန်လ အရေးအခင်းကို စတင် အကောင် အထည်ဖော် နိုင်ခဲ့သည်။ ၁၉၈၈ တွင် အထိန်း အသိမ်းခံ ခဲ့ရပြီး ယနေ့အထိ နိုင်ငံရေး လှုပ်ရှားမှုများတွင် အစဉ်တစိုက် ပါဝင်ဆောင် ရွက်လျှက် ရှိသည်။
ယခုအခါ တစ်သီးပုဂ္ဂလ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ပါဝင်ဆောင် ရွက်လျှက်ရှိပြီး မြန်မာ့နိုင်ငံရေး တွင် ပါဝင်ပတ်သက်နေသူ ဒီမိုကရက်တစ် အင်အားစုအားလုံး ညီညီ ညွတ်ညွတ် ပူးပေါင်း ဆောင်ရွက်နိုင် စေရန် တက်ကြွစွာ ညှိနှိုင်းဆောင်ရွက်လျှက် ရှိပါသည်။
အားကစား
ငယ်စဉ်က ပင် အားကစား ပြိုင်ပွဲများတွင် ၀င်ရောက် ယှဉ်ပြိုင် ခဲ့ပြီး၊ ၁၉၇၇ ခုနှစ်တွင် အ.ထ.က (၂) ကမာရွတ် အတွက် ငွေတံဆိပ် ဒုတိယဆု ကို အပြေးပြိုင်ပွဲတွင် ရယူ ပေးခဲ့ပါသည်။
ဆေး (၁) တက်ရောက် နေစဉ် ၁၉၈၅ ခုနှစ် တွင် ရန်ကုန်တက္ကသိုလ်များ လှေလှော်အသင်း “RUBC” ၏ လက်ရွေးစင် ဖြစ်လာခဲ့ပြီး၊ ၁၉၈၇ ခုနှစ်တွင် RUBC ၏ ကပ္ပတိန်အဖြစ် ဆောင်ရွက်ခဲ့သည်။ တပ်မတော်အသင်း များဖြင့် ၁၉၈၅ ခုနှစ်မှ ၁၉၉၂ ခုနှစ်အထိ ယှဉ်ပြိုင် အနိုင်ရရှိကာ ရွှေတံဆိပ်များစွာ ရရှိ ခဲ့ပါသည်။ နိုင်ငံတကာ လှေလှော်ပြိုင်ပွဲများကို RUBC ၏ လက်ရွေးစင် အဖြစ် လည်းကောင်း၊ မြန်မာ့လက်ရွေးစင် အဖြစ် လည်းကောင်း၊ မြန်မာ့ လက်ရွေးစင် အသင်း၏ နည်းပြချုပ် အဖြစ် လည်းကောင်း အကြိမ်ကြိမ် ၀င်ရောက် ယှဉ်ပြိုင်ကာ အောင်ပွဲ အများအပြား ရရှိခဲ့ပြီး ရွှေတံဆိပ်များ ရရှိခဲ့သည်။
ဆေး (၁) တက်ရောက်နေစဉ် ၁၉၈၉ မှ ၁၉၉၃ ခုနှစ်အထိ မြန်မာ့လက်ရွေးစင် ရွက်လှေ အားကစားသမား အဖြစ် နိုင်ငံတကာ ပြိုင်ပွဲများသို့ ၀င်ရောက်ယှဉ်ပြိုင် ခဲ့သည်။
မိမိ၏ နိုင်ငံရေးလှုပ်ရှားမှုများကို အကြောင်းပြု၍ ၁၉၉၂ နှင့် ၁၉၉၃ တို့တွင် မြန်မာ့လက်ရွေးစင် လှေလှော်အသင်း နှင့် ရွက်လှေအသင်း တို့က မြန်မာ့ လက်ရွေးစင် အဖြစ် ရွေးချယ်ခံခွင့် ကို ပိတ်ပင်ခဲ့သည်။ သို့ရာတွင် မိမိ တက္ကသိုလ်ကျောင်းသားများ အတွက် ရည်စူးပြီး ရန်ကုန်တက္ကသိုလ်များ လှေလှော်အသင်းသို့ အသင်း၏ ပထဦးဆုံး ဖိုင်ဘာ တစ်ယောက်လှော် လှေ တစ်စီး ကို လှုဒါန်းခဲ့သည်။
ဆေး (၁) တက် ရောက်စဉ် ဘောလုံး အသင်း အတွက်၎င်း၊ ပြေးခုန်ပစ် အ သင်းအတွက်၎င်း၊ အတန်း ကိုယ်စားပြု ယှဉ်ပြိုင်ကာ (၁၅၀၀) မီတာ အပြေးပြိုင်ပွဲ တွင် ဗိုလ်စွဲအနိုင်ရ ခဲ့သည်။
လူမှုရေးလုပ်ငန်းများ
အ.ထ.က (၂) ကမာရွတ်၏ ကျောင်းကြက်ခြေနီ အသင်း တွင် တက်ကြွစွာပါဝင်ခဲ့ပြီး အသင်းခေါင်းဆောင် ဖြစ်ခဲ့သည်။ ကမာရွတ်မြို့နယ် ကြက်ခြေနီအသင်းကို ကိုယ်စားပြုပြိုင်ပွဲများလည်း ၀င်ရောက်ခဲ့သည်။ ထိုစဉ်က ကမာရွတ်မြို့နယ်အတွင်း အကြီးဆုံး ကြက်ခြေနီအဖွဲ့ ဖြစ်ခဲ့သည်။
မြန်မာနိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းအတွက် အရေးပါပြီး အမေရိကန် ဒေါ်လာ သန်း (၁၀၀) ခန့် တန်ဖိုးရှိသော 3 Disease Fund “3DF” ထူထောင်ရာတွင် မရှိမဖြစ် လိုအပ်သော နိုင်ငံရေးအရ ထောက်ခံ မှုကို ဇနီးဖြစ်သူ ဒေါ်ယူဇာမော်ထွန်းနှင့် ဖခင်ဦးရဲထွန်း (ကွယ်လွန်) တို့၏ အကူအညီဖြင့် ကျောင်းသားခေါင်း ဆောင်များ ဖြစ်သော ကိုဌေးကြွယ်၊ ကိုမင်းကိုနိုင်၊ ကိုကိုကိုကြီး တို့ ထောက်ခံချက် လက်မှတ် များဖြင့် ရရှိအောင် ဆောင်ရွက်ပေး ခဲ့သည်။ ယခုအခါ 3DF မှာ နဂိုမူလ ရံပုံငွေ ပမာဏထက် ပိုမိုများပြားစွာ စုဆောင်း နိုင်ခဲ့ပြီး၊ ပိုမိုသက်တမ်းကြာရှည်စွာ ဆောင်ရွက် လျှက် ရှိပါသည်။
၂၀၀၈ခုနှစ် မေလဆန်းတွင် တိုက် ခိုက်ခဲ့သော နာဂစ် လေ ဘေးသင့် ပြည်သူများ အတွက် အရေးပေါ် ကယ် ဆယ်ရေး နှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ အ တွက် ရန်ကုန်နှင့် ဧရာဝတီတိုင်း အတွင်းရှိ ကျေးရွာ ပေါင်း (၇၀၀) ကျော်တွင် ဆောင်ရွက်လျှက် ရှိပြီး ယနေ့အထိ ထောက်ပံ့ပေးခဲ့သော ငွေပမာဏမှာ ကျပ်သိန်း ပေါင်း (၅၀,၀၀၀) ခန့် ဖြစ်ပါသည်။
၂၀၁၀ ခုနှစ် ဇွန်လက ဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်ရေဘေး နှင့် မြေပြိုဘေးသင့် ပြည်သူတို့အတွက် အရေးပေါ်ကယ်ဆယ်ရေးနှင့် ပြန် လည်ထူထောင်ရေး လုပ်ငန်းများ ကို ရွာပေါင်း (၅၀) ခန့်တွင် ဆောင်ရွက် လျှက်ရှိပြီး အလှုငွေ ကျပ်သိန်း (၂,၃၀၀) ခန့် စုဆောင်းပေးနိုင် ခဲ့ပါသည်။
ဘေးအန္တရာယ် ကာကွယ်ရေး လုပ်ငန်းများ အတွက် မန္တလေး၊ ရှမ်း၊ နေပြည်တော်၊ ရခိုင်၊ ဧရာဝတီ၊ ရန်ကုန်၊ မွန်နှင့် တနင်္သာရီ စသော ပြည်နယ်နှင့် တိုင်း ဒေသကြီးတို့တွင် ဆောင်ရွက်လျှက် ရှိပါ သည်။ ထို့အတူ ရန်ကုန် တိုင်းအတွင်းရှိ ကျောင်း ပေါင်း (၂၀၀) ကျော်ခန့် တွင်လည်း ဆောင် ရွက်လျှက် ရှိပါသည်။
ယခုအခါ လူမှုရေး လုပ်ငန်းများကိုပိုမိုထိရောက် ကျယ်ပြန့် စွာ ဆက်လက်ဆောင်ရွက်လျှက် ရှိပါ သည်။
မိသားစု
၁၉၉၄ ခုနှစ်တွင် နိုင်ငံတော် အဓိပတိ ဒေါက်တာ ဘမော် နှင့် တရားရေးဝန်ကြီ်းဟောင်း သူတိုး မဟာ သရေ စည်သူ ဦးချန်ထွန်းတို့၏ မြေး ရှေ့နေ၊ နိုင်ငံရေးသမား ဦးရဲထွန်း၊ (၂၀၁၀ တွင် ကွယ်လွန်သည်။)၊ ဒေါ်ဥမ္မာမော်တို့၏ သမီး ဒေါ်ယူဇာမော်ထွန်းနှင့် အိမ်ထောင်ပြုခဲ့ပြီး သမီးတစ်ဦး၊ သားတစ်ဦး ထွန်းကား ပါသည်။ ဦးရဲထွန်းသည် ၁၉၆၂ ခုနှစ်မှ ကွယ်လွန်သည့် ၂၀၁၀ ခုနှစ်အထိ ဒီမိုကရက်တစ် အင်အားစု၏ နိုင်ငံ ရေး ခေါင်းဆောင်တစ်ဦး အဖြစ် ဆောင်ရွက်ခဲ့ကာ နိုင်ငံရေး အကျဉ်းသား အကြိမ်ကြိမ် ဖြစ်ခဲ့ပါသည်။
စီးပွါးရေး
၁၉၉၀ ခုနှစ်ကပင် စီးပွါးရေး လုပ်ငန်းမျိုးစုံကို စတင်လုပ်ဆောင်ခဲ့ပြီး ယခုအခါ ဇနီးမိသားစုနှင့်အတူ Shambhala Co., Ltd နှင့် Shambhala Tour Co., Ltd တို့ကို ထူထောင် ဆောင်ရွက်လျှက် ရှိပါသည်။
မိသားစု၏အလှုဒါနများ
အဘိုးဖြစ်သူ ဘုရားဒါယကာကြီး ဦးဘိုဝက်နှင့် ဘိုးဘွားမိသားစုဝင်များက ရန်ကုန်မြို့၊ ကမာရွတ်မြို့ နယ်၊ သံလွင်လမ်းရှိ ဗောဓိကုန်းဘုရားကို လည်းကောင်း၊ အောင်မင်းခေါင် ဓါတ်ပေါင်းစုံဘုရားကို လည်းကောင်း တည်ဆောက် လှုဒါန်း ကိုးကွယ်ထား ပါသည်။ ထို့အပြင် ရွှေတိဂုံဘုရား ရင်ပြင်ပေါ်ရှိ ချန်မဖိ (၇) ရက်သားသမီး တန်ဆောင်းကို လည်းကောင်း၊ ချန်မဖိ သားဖွားဆေးရုံ (ယခု ဗဟိုအမျိုးသမီးဆေးရုံ ပြင်ပလူနာဌာန) နှင့် ရန်ကုန်တက္ကသိုလ် ကြည့်မြင်တိုင် (ခ) RC 3 (ခ) အခြေခံပညာ ၃ (ခ) ဟွာကျုံးအထက်တန်းကျောင်း တို့ကို လည်း လှုဒါန်းခဲ့ ပါသည်။
ဤအဖွဲ့သည် ၂၀၁၀ ခုနှစ် အမျိုးသား နှင့် ပြည်သူလွှတ်တော် ရွေးကောက်ပွဲ၌ (၈) နေရာတွင် ပါဝင် ယှဉ်ပြိုင်သွားမည် ဖြစ်ပါသည်။ အမျိုးသားလွှတ်တော် အတွက် ဦးကျော်ကျော်မင်း က ရန်ကုန်တိုင်း မဲဆန္ဒနယ် အမှတ် (၁)၊ ဦးစန်းမြင့်က ရန်ကုန် တိုင်း မဲဆန္ဒနယ် အမှတ် (၆) နှင့် ပြည်သူ့လွှတ်တော် အတွက် ဒေါက်တာဖုန်းဝင်းက ကမာရွတ်မြို့နယ်၊ ဒေါ်ယူဇာမော်ထွန်းက လှိုင်မြို့နယ်၊ ဦးတင်ဆန်းက တာမွေမြို့နယ်၊ ဦးဝင်းထိန်ဦးက ဗိုလ်တထောင်မြို့နယ်၊ ဦးဝင်းနိုင်က သင်္ဃန်းကျွန်းမြို့နယ်၊ ဦးသိန်းတန်က ခရမ်းမြို့နယ်တို့တွင် ပါဝင်ယှဉ်ပြိုင် ကြပါမည်။


