Bo Gyoke Say Hte (Shan Pyi Tatmadaw
From Tracking Burmese Junta
မန္တလေးရောက် ဗိုလ်ချုပ်ဆေထဲန်အား စစ်တွေထောင် ထပ်ပြောင်းမည့်အရေး မိသားစုစိုးရိမ်
Tuesday, 03 August 2010 11:51 သျှမ်းသံတော်ဆင့်
ပြည်ထောင်စုမှ ခွဲထွက်လိုမှုနှင့် အခြားပြစ်မှုများစွာဖြင့် ထောင်ဒဏ် ၁၀၆ နှစ် ပြစ်ဒဏ်ခံနေရသည့် အပစ်ရပ် သျှမ်း ပြည်တပ်မတော်နာယက ဗိုလ်ချုပ်ဆေထဲန့်အား ပြီးခဲ့သည့် စနေက ခမ္တီးထောင်မှ မန္တလေးထောင်သို့ပြောင်းရွေ့ လိုက်ကြောင်း စုံစမ်းသိရှိရပါသည်။
အပစ်ရပ် SSA နာယက ဗိုလ်ချုပ်ဆေထဲန်
“ထောင်ဝင်စာသွားမတွေ့ရသေးတော့ ဘာ့ကြောင့်ထောင်ပြောင်းတယ်ဆိုတာမသိရဘူး။ မျက်စိကုပေးဖို့ကျန်းမာရေးစစ် ပေးဖို့ လို့ထင်တယ်။ လာမယ့်စနေနေ့ မှာတွေ့ရမယ်လို့ကြားထားတယ်။ မန္တလေးထောင် ပြောင်း လို့ဆေးကုသရရင် သိပ်ကောင်းမှာဘဲ” ဟု သမီးဖြစ်သူ နန်းခမ်းပေါဝ်း ကပြောပါသည်။
သို့သော် ဗိုလ်ချုပ်ဆေထဲန့်အား မန္တလေးထောင်၌ မထားဘဲ ရခိုင်ပြည်နယ်စစ်တွေထောင်သို့ ဆက်လက်ပြောင်းရွေ့ မည်ဆို သည့် သတင်းကလည်း ထောင်အာဏာပိုင် သတင်းရကွက်မှ ကြားသိရ၏။
“မန္တလေးထောင်ပို့လိုက်တယ်ဆိုတဲ့သတင်းကြားမိလို့ တမိသားစုလုံးဝမ်းသာမိတယ်။ စစ်ကိုင်းအထက်ပိုင်းကခမ္တီးထောင် လို သိပ်မခြားနား တဲ့ နယ်စွန်နယ်ဖြား ရခိုင်ပြည် စစ်တွေဘက်ကို ထပ်မပို့ဖို့ဘဲ ဆုတောင်းတယ်။ မန္တလေးမှာဘဲ ဆေးကုသခွင့်ရဖို့မျှော်လင့်တယ်” ဟု သမီးဖြစ်သူနန်းခမ်းပေါဝ်းက သျှမ်းသံတော်ဆင့်သို့ ဆက်လက်ပြောပြပါသည်။
နအဖ စစ်အုပ်စုဖိအားပေးသည့်အတိုင်း အပစ်ရပ် (မြောက်ပိုင်း) သျှမ်းပြည်တပ်မတော် ပြည်သူ့စစ်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းပါက ဗိုလ်ချုပ်ဆေထဲန့်ကို လွတ်ပေးမည်ဆိုသည့်သတင်း ပြီးခဲ့တဲ့နှစ်နှောင်းပိုင်း၌ သတင်းပျံ့နှံ့ခဲ့ သေး၏။
အသက် ၇၄ နှစ်ရှိ ဗိုလ်ချုပ်ဆေထဲန့်သည် မျက်စိတိမ်ဖုံးရောဂါအပြင် မကြာမီကလည်း ချော်လဲသဖြင့် လက်တဘက်လဲ ကျိုးနေသည်ဟုဆို၏။ သွေးတိုး၊ နှလုံး၊ ဆီးချို အပြင် လူကြီးရောဂါလည်း အမျိုးမျိုးခံစားနေရကြောင်း သမီးဖြစ်သူက ပြောပါသည်။

